မေ့ဆေးရှုဆိုတော့ အားရပါးရကိုရှုချပလိုက်တယ် ။ တော်ကြာ ရှုဆေးနဲ့မမေ့သွားရင် ဆေးထိုးနေမှာစိုးလို့ လေ ။ ၂ခါပဲ ရှုလိုက်ရတယ် ။ နားထဲမှာ ၀ီ ၀ီ မြည်လာပြီး မသိတော့ဘူး ။ နောက်ပြန်သတိရလာတော့ ခွဲခန်းအပြင်ပြန်ရောက်နေဘီ ။ ဘာမှ မခွဲစိတ်လိုက်ရဘူးတဲ့ ။ ဖြစ်တဲ့ ပြဿနာက ခွဲဖို့မလိုဘူး ။ ဆရာဝန်ကြီးတွေက ဒီတိုင်း အထဲကို ဖြဲကြည့်ပြီး ပြန်လွှတ်လိုက်တာတဲ့ ။ ကောင်းရော။ ဒီမှာတော့ ခံလိုက်ရတာ ။ ထိုးဆေးကြောက်လို့သာ ရှုဆေးရှုလိုက်ရတာ ။ သတိရလာတော့ မေ့ဆေးနံ့ ကြီး မပြယ်သေးဘဲ ခေါင်းတွေမူးပြီး အန်လိုက်တာ ဆိုတာ ၂ ရက်လောက် ရှိမယ် ။ ကိုယ့်ခုတင် ဘေးက ကိုယ့်ထက်အရင်ခွဲခန်းထဲဝင်ပြီး ထိုးဆေးနဲ့မေ့ တဲ့ ကလေးက သတိရလာတော့ ဆော့တောင်နေဘီ ။ ထိုးဆေးက အဲ့လို အော့ဟယ် အန်ဟယ် မဖြစ်ဘူးထင်တယ် ။ မတတ်နိုင်ဘူး ။ အန်ကာမှအန်ရော့  ။ ဆေးမထိုးလိုက်ရတာပဲ ကျေနပ်ပါတယ် ။
ဒီနေရာမှာ ပြောချင်တာက အဲ့လိုပေါင်ပေါင်ခွဲခန်းထဲမှာ ဆရာဝန်ကြီးကို ဆေးမထိုးချင်လို့ ကွန်ပလင့် တက်တဲ့အကြောင်း အမေတို့ အစ်မတို့က ပြန်သိရော ။ အစ်မ အပျိုကြီးတွေ က ပေါင်ပေါင် ဘာလုပ်လုပ် အရမ်းအလိုလိုက်တာ ။မွေးချင်းထဲမှာ ယောင်္ကျားလေးတစ်ယောက်ပဲပါတာကိုး ။
အစ်မက ပေါင်ပေါင့်ကို မဟုတ်က ဟုတ်က ရှာကြံပြီး ချီးကျူးရှာတယ် ။ ဆရာဝန်ကြီးကိုတောင် ပြောရဲဆိုရဲရှိတယ် ။ သတ္တိရှိတယ်တဲ့ ။ အမေကတော့ အပ်ကို ဒီလောက်ကြောက်ရပါ့မလားဆိုပြီး ။ နင် ယောင်္ကျားမဟုတ်ဘူးလား ။ သတ္တိကို မရှိဘူး တဲ့ ။ အဖြစ်အပျက် တစ်ခုထဲကိုတောင် ကောက်ချက် ၂မျိုးက ဆန့်ကျင်ဖက်ဖြစ်ပြိး ထွက်လာတတ်တာနော် ။ တစ်ယောက်က သတ္တိရှိတယ် တဲ့ ။ နောက်တစ်ယောက်က သတ္တိမရှိလို့တဲ့ ။ သတ္တိဆိုတာမျိုးက ရှုမြင်သူရဲ့ ချစ်ခြင်း မုန်းခြင်း အမြင် ရှုထောင့် စတဲ့ ကိုယ်ပိုင် စံပေတံ အတ္တတွေနဲ့လဲ ဆိုင်သေးလားမသိပါဘူး။ အမေပြောသလိုဆို ယောင်္ကျားဖြစ်ရင် အပ်မကြောက်ရတော့ဘူးလား ။ မဆိုင်ပါဘူးနော် ။ ယောင်္ကျားဖြစ်ခြင်း မဖြစ်ခြင်း နဲ့ အပ်ကြောက်ခြင်း မကြောက်ခြင်းက သတ်သတ်စီပဲမဟုတ်လား ။
အစ်မက ပေါင်ပေါင့်ကို မဟုတ်က ဟုတ်က ရှာကြံပြီး ချီးကျူးရှာတယ် ။ ဆရာဝန်ကြီးကိုတောင် ပြောရဲဆိုရဲရှိတယ် ။ သတ္တိရှိတယ်တဲ့ ။ အမေကတော့ အပ်ကို ဒီလောက်ကြောက်ရပါ့မလားဆိုပြီး ။ နင် ယောင်္ကျားမဟုတ်ဘူးလား ။ သတ္တိကို မရှိဘူး တဲ့ ။ အဖြစ်အပျက် တစ်ခုထဲကိုတောင် ကောက်ချက် ၂မျိုးက ဆန့်ကျင်ဖက်ဖြစ်ပြိး ထွက်လာတတ်တာနော် ။ တစ်ယောက်က သတ္တိရှိတယ် တဲ့ ။ နောက်တစ်ယောက်က သတ္တိမရှိလို့တဲ့ ။ သတ္တိဆိုတာမျိုးက ရှုမြင်သူရဲ့ ချစ်ခြင်း မုန်းခြင်း အမြင် ရှုထောင့် စတဲ့ ကိုယ်ပိုင် စံပေတံ အတ္တတွေနဲ့လဲ ဆိုင်သေးလားမသိပါဘူး။ အမေပြောသလိုဆို ယောင်္ကျားဖြစ်ရင် အပ်မကြောက်ရတော့ဘူးလား ။ မဆိုင်ပါဘူးနော် ။ ယောင်္ကျားဖြစ်ခြင်း မဖြစ်ခြင်း နဲ့ အပ်ကြောက်ခြင်း မကြောက်ခြင်းက သတ်သတ်စီပဲမဟုတ်လား ။
ကံများ အံ့  သြစရာ။ ပေါင်ပေါင် အသက်ကြီးလို့  အလုပ်အကိုင်အရ သင်္ဘောသားလဲ ဖြစ်ရော ဖောက်လိုက်ရတဲ့ သွေး ။ စစ်လိုက်ရတဲ့ ဆေးဆိုတာမျန်း ။ အပ်နဲ့ ၂
ပါးသွားနေရတာပဲ ။ အစိုးရ ရေကြောင်းရုံးက သင်တန်း တစ်ခု တက်ရဖို့ရှိတိုင်း သတ်မှတ်ဆေးခန်းကိုသွားပါဆိုလို့သွားရ တာ သင်တန်းပေါင်း ဆယ်ခု ကျော်မလားပဲ။
တစ်ချို့ ကတော့လဲ ရုံးနဲ့ ဆေးခန်း ပေါင်းပြီး ရိုက်စားလုပ်သလားလို့တောင် တီးတိုးတီးတိုးသဖန်းပိုးကြတယ် ။ တကယ်သာ ရိုက်စားလုပ်ချင်တာဆို ငွေလိုချင်ရင် လိုသလောက် ပေးဖို့  ၀န်မလေးပေမဲ့ ခဏခဏ အပ်နဲ့ညားရတာကတော့ တော်တော် မချိမဆန့်ပါပဲ ။ အင်းလေ ရုံးက လိုအပ်လို့စစ်တာလို့ပဲ အကောင်းမြင်လိုက်ပါတယ် ။ နောက် သင်္ဘောကုမ္ပဏီကလဲ သူတို့  ပြည်ပက ပင်မ ကုမ္ပဏီ ရုံးချုပ်ခွင့်ပြုထားတဲ့ ဆေးခန်းမှာ စစ်ရမယ်ဆိုတော့ ထပ်စစ်ရပြန်ရော။ နောက်ကိုယ်တိုင်ကလည်း ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူတဲ့ အလေ့အထကို လုပ်တယ်လေ ။ ငွေချမ်းသာသူလဲမဟုတ်တော့ free သွေးစစ်လို့ရတဲ့ ၀န်ဆောင်မှု ပေးတဲ့ NGO တွေမှာ ကိုယ့်မှာ STD လို
ကူးစက်ရောဂါမျိုး ရနိုင်တဲ့ အပြုအမူမျိုး တစ်ခါ ရှိပြီးတိုင်း ရော ။ ၆ လ ( သို့ ) ၃ လ တစ်ခါ ရော ဆေးစစ် နေလိုက် သေးတာ။
နောက်ပြီး ခုခေတ် ရောဂါဘယတွေကလဲ ထူပြောလာတေ့ ဘီပိုးကာကွယ်ဆေးလို ဟာတွေ ထိုးဟဲ့ နှံဟဲ့ဆိုပြန်တော့လဲ ဒါမျိုးက တစ်ကြိမ်နဲ့ပြီးတာ မဟုတ်မှန်း အားလုံးသိကြတဲ့အတိုင်းပဲပေါ့ ။ အဲ့ဒီလို အချိန်ကျမှ အပ်မြင်လို့ အာပြဲနဲ့အော်ငိုရင်လဲ ဘေးလူတွေက သောက်ပေါကြီးလို့ ပြောဥိးမယ်လေ ။
အဲ့ဒီတော့လဲ ကိုယ့်လက်ကို အပ်နဲ့ထိုးမဲ့ကိစ္စ မကြောက်ချင်ယောင်ဆောင်ပြီး ဟန်ကိုယ့်ဖို့ လုပ်ရပါလေရော။
ဒီနေရာမှာ ဆရာမင်းသိင်္ခရေးတဲ့ မနုစာရီဆိုတဲ့ ဂမ္ဘီရ၀တ္တုထဲက ဇာတ်ဝင်ခန်းတစ်ခုကို သတိရမိတယ်။ ၀တ္တုထဲမှာ မနုစာရီက ပညာရှိမင်းသမီးပေါ့။ ဗေဒင်တွေ လောကီပညာတွေ ကျွမ်းကျင်တယ် ။ မင်းသားက ခတ္တိယ အနွယ်ဝင် မင်းမျိုးမင်းနွယ် သူရဲကောင်း ။ မောင်တော် အတိတျာ ဆိုလား ။ ( ရေးတဲ့စာက “ဘာဆိုလား” တွေ ၊ “ထင်တယ်” တွေများနေတော့ သိပ်တော့ ဖတ်လို့မကောင်းဘူး ။ ပေါင်ပေါင်ကိုယ်တိုင်က မှတ်ဥာဏ်သိပ်မကောင်းလို့ သည်းခံကြပါနော် ။ )
မောင်တော်အတိတျာရဲ့ ဆွေပုံမျိုးပုံ အလယ် နန်းရင်ပြင်မှာ ပညာရှိမင်းသမီး မနုစာရီ ပညာစွမ်းပြခန်း ဇာတ်ဝင်ခန်းပေါ့ ။ အမေးပုစ္ဆာတွေ ပြဿနာတွေ ဖြေရတာပေါ့ ။ တစ်ချို့ ပြဿနာတွေကိုလဲ မနုစာရီက အယူတော်မင်္ဂလာ လောကီပညာနဲ့ ဒက်ခနဲနေအောင် မှန်ကန်စွာ ဖြေလိုက်နိုင်တယ်ဆိုကြပါစို့ ။အဲ့ဒီထဲမှာ ခုထိ မှတ်မှတ်ရရဖြစ်နေတဲ့ မေးခွန်းလေးက “ လောကမှာ အကြောက်တတ်ဆုံးက ဘယ်သူတွေလဲ ” တဲ့ ။ မင်းသမီးက ပြန်ဖြေပါတယ် ။ အကြောက်တတ်ဆုံးသူက ဟောဒီနန်းရင်ပြင်မှာထိုင်နေကြတဲ့ ပရိတ်သတ် ဗိုလ်ပါတွေ ထဲက ဗိုလ်မင်း ဗိုလ်ချုပ် တပ်မှုး တပ်ချုပ် သေနာပတိ စစ်သူကြီး သူရဲကောင်း တွေပါပဲတဲ့ ။ ဒီအဖြေကိုလဲ ကြားလိုက်ရော နန်းရင်ပြင်တစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြတော့တာပေါ့ ။ တပ်မတော်က သူရဲကောင်း ဗိုလ်မင်းတွေကလည်း လူပုံလည်မှာ သူတို့ကို အရှက်ခွဲပါတယ်ဆိုပြီး ခံပြင်းဒေါသနဲ့ မကျေမနပ်ဖြစ်ကြတာပေါ့ ။ မောင်တော် သူရဲကောင်း အတိတျာကိုယ်တိုင် တော်တော် ကသိကအောင့်ဖြစ်သွားရတာပေါ့။
မင်းသမီးရဲ့ဖြေရှင်းချက်ကတော့ “ ဟောဒီ သူရဲကောင်းတွေဟာ သူရဲဘောကြောင်တဲ့ အလုပ်ကိုလုပ်ရမှာ အင်မတန်မှ ကြောက်ကြပါတယ်။ အများက သူတို့ကို သူရဲဘောကြောင်သူ ၊ ကြောက်တတ်သူ ၊ သူရဲကောင်းဘွဲ့နဲ့ မထိုက်တန်သူ လို့ သတ်မှတ်လိုက်မှာကို သူတို့ အသက်စွန့် ရမှာထက် ၊ သူတို့ အသက်သေရမှာထက်ပိုပြီး ကြောက်တတ်ကြပါတယ် ။ ” လို့ ( အတိအကျ မဟုတ်ပေမဲ့ ဒီသဘော ) ဖြေရှင်းလိုက်ပါတယ် တဲ့ ။ အဲ့ဒိတော့မှ မောင်တော် အတိတျာ အပါအ၀င် သူရဲကောင်း ဗိုလ်မင်းတွေလဲ ပြုံးနိုင်တော့တဲ့ ။ ဖတ်လို့ ကောင်းတဲ့ ဇာတ်ကွက်ကလေးပါပဲ ။ ဖတ်နေရင်းနဲ့ မနုစာရီရဲ့ မထင်မှတ်တဲ့ လှည့်ကွက် အပြုအမူကို စာဖတ်သူကိုယ်တိုင်
အံ့ အားသင့်သွားစေရာက အကျိုးအကြောင်းဆီလျှော်တဲ့ ဖြေရှင်းချက်ကို ဖတ်ရပြီး စာဖတ်သူကိုယ်တိုင် မနုစာရီကို အထင်ကြီးသွားစေတာမျိုးပါ ။ ဆရာ မင်းသိင်္ခရဲ့ ကိုယ်ပိုင် အတွေးလား ၊ တခြားက မှီးထားသလားတော့ သေချာမသိဘူးပေါ့။
အံ့ အားသင့်သွားစေရာက အကျိုးအကြောင်းဆီလျှော်တဲ့ ဖြေရှင်းချက်ကို ဖတ်ရပြီး စာဖတ်သူကိုယ်တိုင် မနုစာရီကို အထင်ကြီးသွားစေတာမျိုးပါ ။ ဆရာ မင်းသိင်္ခရဲ့ ကိုယ်ပိုင် အတွေးလား ၊ တခြားက မှီးထားသလားတော့ သေချာမသိဘူးပေါ့။
တစ်ခါတစ်လေတော့လဲ မကြောက်ချင်ယောင်ဆောင်မရတဲ့ အခါတွေလဲရှိတတ်တယ်လေ ။ တစ်နေ့ကျတော့ အဲ့လိုပဲ ရုံးက စစ်ခိုင်းလို့ မက်ဒီကယ် ဆာတီဖီကိတ်တွေ သက်တမ်းတိုးရမယ်ပြောတာနဲ့ သတ်မှတ်ဆေးခန်းကိုရောက်ခဲ့ပါတယ် ။ ပုဂ္ဂလိက ဆေးခန်းလေးပေါ့။ ရှေ့မှာ ဆေးစစ်နေတဲ့ သင်္ဘောသားက ကိုယ့်အသိ ။ သွေးဖောက်ပြီး အခန်းထဲက ထွက်လာတော့ “ ငါလခွား။ နာလိုက်တာကွာ ။ ဖောက်နေတဲ့ ကောင်မလေးက သွေးကြောရှာနေတာတင် နာရီဝက်လောက်ရှိမယ် ။ ” လို့ပြောသွားရော။ ဟိုက် ။ သေပြီဆရာ။ ခဏ တစ်ဖြုတ် အထိုးခံရမဲ့ အပ်ကိုတောင် ဒီလို ကြောက်နေတာ ။ နာရီဝက်လောက်သာ အထိုးခံရလို့ကတော့ သေပြီ ။ ပြီးတော့  ဆေးခန်းပိုင်ရှင်ကလည်း ဒီလို သွေးဖောက်တဲ့နေရာကို ကျွမ်းကျင်သူ ( မနာအောင် မြန်မြန်ဆန်ဆန်လုပ်ပေးတတ်သူ ) ထားတာမဟုတ်ဘူး ။ မကျွမ်းကျင်တဲ့ ကောင်မလေးကို ထားထားတယ် ။ သူ့ အမျိုးလားမသိဘူး ။
(ဆက်ရန် )
2 comments:
ဘလော့ဂါပေါင်(boy gaga)ရေ။ တော်တယ်ဗျာ
ဘွိုင်းဂါဂါတဲ့ လား ။ ဖြစ်ရမယ် ။
( ဒွန့် ခေါလ်မိုင်းနိမ်...ဒွန့် ခေါလ်မိုင်းနိမ်...
အာလေး ဂျန်းဒရို .... )
Post a Comment