Thursday, 2 February 2012

2012 January ကို ပေါင်ပေါင် သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်နေစဉ် ( ဖိုတိုတင်တာ စမ်းသပ်တာပါ)

မင်္ဂလာပါ ။ ကျနော်ကတော့ ကိုပေါင်ပေါင်ပါ ။ www.facebook.com/paowyne ဖြစ်ပါတယ်။ ကျနော်က နည်းပညာအားနည်းသူဖြစ်ပါတယ် ။ ဘလော့တစ်ခုကို အခုမှ စမ်းသပ်ပြီး လုပ်ကြည့်တာပါ။ အခု ကျနော် ဘလော့မှာ ဖိုတို တင်တာစမ်းသပ်တဲ့အနေနဲ့  ၂၀၁၂ ဇန်န၀ါရီ လအတွင်း အခု ကျနော် တာဝန်ထမ်းဆောင်နေတဲ့ tanker သင်္ဘောပေါ်မှာ ရိုက်ထားတဲ့ မကောင်းမကန်း ဖိုတိုလေးတွေကို စမ်းတင်ကြည့်တာပါခင်ဗျာ ။ ပထမပုံကတော့  self igniting light လို့ခေါ်တဲ့ အရေးပေါ် အလိုလျောက်ပွင့် မီးများကို လိုက်လံစစ်ဆေးနေတုန်း ရိုက်ထားတဲ့ပုံပဲဖြစ်ပါတယ်။


ဒီ ဒုတိယပုံကတော့ ကျနော်တို့ သင်္ဘောရဲ့ သက်ကယ်လှေ life boat မှာ ရိုက်ထားတာပါ ။ လေပေးစနစ်ပါတဲ့ totally enclosed life boat အမျိုးအစား ဖြစ်ပါတယ် ။ သင်္ဘောက ၁၉၉၉ က built လုပ်တဲ့ သင်္ဘောဆိုတော့ ဟောင်းနေပြီဖြစ်လို့  life boat ကလဲ သိပ်ခေတ်မမှီ မလှပတော့ပါဘူး ။



ဒီပုံကတော့ သင်္ဘောနောက်ဘက်နားမှာ ရိုက်ထားတာပါ ။ နေပူလို့ ရှုံ့ မဲ့ နေတဲ့ မျက်နှာက ကြည့်မကောင်းပေမဲ့ ပင်လယ်ပြင်ကြီးရဲ့ ကမ်းမမြင် လမ်းမမြင်အလှတရားကိုခံစားရအောင် တင်လိုက်တာပါ။


ဒါကတော့ Life Boat ထဲမှာ စက်နှိုးစမ်းသက်နေတဲ့ပုံပဲဖြစ်ပါတယ် ။

ဖိုတိုများကို အစမ်းတင်ကြည့်တာဖြစ်ပါတယ်ခင်ဗျား ။
( ၃.၂.၂၀၁၂ )
ကိုပေါင်ပေါင် 
eniweniw@gmail.com

6 comments:

တီချမ်း said...

welcome pao pao

go to setting under dashboard and in the comment column take off the words verification it is difficult for commenting

Pao Wyne said...

ဟုတ်ကဲ့တီချမ်း ။ ကျနော် ပြင်လိုက်ပြီ ။ ကျေးဇူးတင်ပါတယ် ။

ShweNaw said...

if u remove words verification, u make a big mistake coz spermers will hurt u sooner or later when ur site becomes popular. They can post in ur comment their advertisements 100 times faster with auto comment script. so beware of it. ;)

Pao Wyne said...

ဟုတ်ကဲ့ ပေါ်ပြုလာဖြစ်လာတဲ့အခါ အရိပ်အခြေကြည့်ပြီး ပြန်ပိတ်လိုက်ပါ့မယ် ။ ကျေးဇူးတင်ပါတယ် ကိုရွှေနော် ။

Admin said...

VISITED!!
WELCOME, MR. PAO.

Pao Wyne said...

ဟုတ်ကဲ့ ကိုမီးရေ ။ ကျေးဇူးပါခင်ဗျာ ။